၂၀၂၆ ဇွန် ၁၂ ၀၉:၀၀ အချိန်မှ ၁၂၄၅ အချိန်ထိ မဟာအောင်မြေ မြို့နယ် ၊ဟေမမာလာတောင် ရပ်ကွက်၊ ၇၈လမ်းx၃၈လမ်းတောင့်၊ရတနာပုံအခန်းမတွင် မန္တလေးတိုငိးဒေသကြီးရင်းနှီးမြှပ်နှံမှု ဖိုရမ် ၂၀၂၆ ဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှပ်နှံမှု၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လှမြင့် ၊မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်၊ စီမံကိန်း/ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေး၊လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်မိုးသက်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလှမိုး၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊တိုင်းဒေသကြီးဥပဒေချုပ် ဦးလှသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်စွာထွန်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဥက္ကဌ ဦးအောင်ကျော်မိုး နှင့်လွှတ်တော်ကိုယ်စာလှယ်များ၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ် Mr.Sundeep Kaushal ၊တရုတ်ကောင်စစ်ဝန်ချုပ် Ms. Gao Ping.နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ(၃၅၀)ဦးတက်ရောက်ခဲ့ပြီး အခမ်းအနားအား အစီအစဉ်(၉) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါ သည်။
အမျိုးသား စီမံကိန်း ရင်းနှီးမြှပ်နှံမှု၊နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင် တို့မှအဖွင့်မှာ စကားပြောကြား ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်မှ အမှတ်တရလက်ဆောင်ပေးအပ်ခြင်း ၊ မှတ်တမ်း တင်စုပေါင်း ဓါတ်ပုံရိုက်ကူးခြင်း ၊ အမျိုးသားစီမံကိန်၊ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်အောင် မှမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ လုပ်ငန်းတာဝန်များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များ၊ လက်ရှိရင်းနှီး မြှုပ်နှံမှုအခြေအနေများ၊ အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ် ဆောင်ရွက်နေမှု အခြေအနေများအား မိတ်ဆက် တင်ပြခြင်း ၊ အမျိုးသားစီမံကိန်း ရင်းနှီးမြှပ်နှံမှု နှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး မှမန္တလေး တိုင်းဒေသကြီး၏ ရင်းနှီးမြှပ်နှံမှုအလား အလာများ တင်ပြခြင်း ၊ မန္တလေးတိုင်းဒေသကြီးတွင် ရေရှည်တည်တံ့ပြီးအကျိုးရှိသော ရင်းနှီးမြှပ်နှံမှုပတ်ဝန်းကျင်ဖော် ဆောင်ရေး ဆွေးနွေးပွဲကျင်းပရာတွင် ဒု-ဥက္ကဌ(၃) ဒေါ်မြင့်မြင့်သန်းမှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှပ်နှံမှု၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးမှ အမှတ်တရလက်ဆောင်ပေးအပ်ခြင်း ၊ ပိတ်ပွဲအမှာစကားပြောကြားခြင်း တို့ပြု လုပ်ခဲ့ပါသည်။ထိုပွဲအား MRCCI မှ ဒု-ဥက္ကဌ (၂) ကိုရဲမင်းသူ ၊ ဒု ဥက္ကဌ (၃) ဒေါ်မြင့်မြင့်သန်း ၊ ဒု ဥက္ကဌ(၅) ဦးဇာနေစိုး (ခ) ဖိုးကာ ၊ အထွေထွေ အတွင်းရေးမှူး ဦးကျော်စိုးနိုင် ၊ တွဲဘက်အထွေထွေ အတွင်းရေးမှူး (၂) ဒေါ်ပြည့်ပြည့် ၊ တွဲဘက်ဘဏ္ဍာရေးမှူး ဦးသူရ၊ စာရင်းစစ် ဦးမောင်မောင်အောင် တို့နှင့် အမှုဆောင် များ တက်ရောက်ခဲ့ကြပါသည်။
#MrCci
#မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ
#MandalayRegionChamberofCommerce&Industry
☎️ Office : +959 4200 89 490
☎️ Viber : +959 770 844 477
®️Member Departments
☎️ +959 20 510 63
💌mrcci.mdy@gmail.com
📍78 Street Corner of 34 Road Yadanarbon Super Centre 4 Floor


