Loading...
Since 1991, MRCCI was established and act as a bridge between the government and the private businesses by providing various services and opportunities to help growth of our members' businesses.
As a member of MRCCI, you are a part of MRCCI's strategic network of chambers
Learn about member benefitsWith over 20 years of experience as a chamber of commerce organization, we have reached proven mile stones for our economic development and supported for regional businesses. Here are reasons why member companies choose us.
Our members are allowed to attend events and conferences organized by our organization.
Сonsult strategically with other members to forge the best path for your business.
Supporting members to expand their knowledge and understanding of the global industry & market.
We reach out on behalf of our members to connect them with potential global partners and wider their business network.
ILO နှင့် ACT/EMP အဖွဲ့အစည်းတို့၏ ကူညီပံ့ပိုးမှုဖြင့် MRCCI အသင်းကြီးသည် အမှုဆောင်များ ဖွဲ့စည်း၍၊ လက်ရှိကာလတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်ဆိုင်နေရသည့် အကြပ်အတည်းများနှင့် တုံ့ပြန်မှုများကို ဆွေးနွေးအဖြေရှာခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွက် "စီးပွားရေးအစီအစဉ် ၂၀၂၂ (Business Agenda 2022)" ကို ၂၇/၂၈/၂၉.၁.၂၀၁၉ နေ့များတွင် ဝိုင်းဝန်းရေးဆွဲခဲ့ကြပါသည်။ ...
Read MoreILO နှင့် ACT/EMP အဖွဲ့အစည်းတို့၏ ကူညီပံ့ပိုးမှုဖြင့် MRCCI အသင်းကြီးသည် အမှုဆောင်များ ဖွဲ့စည်း၍၊ လက်ရှိကာလတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်ဆိုင်နေရသည့် အကြပ်အတည်းများနှင့် တုံ့ပြန်မှုများကို ဆွေးနွေးအဖြေရှာခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွက် "စီးပွားရေးအစီအစဉ် ၂၀၂၂ (Business Agenda 2022)" ကို ၂၇/၂၈/၂၉.၁.၂၀၁၉ နေ့များတွင် ဝိုင်းဝန်းရေးဆွဲခဲ့ကြပါသည်။ ...

Read MoreILO နှင့် ACT/EMP အဖွဲ့အစည်းတို့၏ ကူညီပံ့ပိုးမှုဖြင့် MRCCI အသင်းကြီးသည် အမှုဆောင်များ ဖွဲ့စည်း၍၊ လက်ရှိကာလတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်ဆိုင်နေရသည့် အကြပ်အတည်းများနှင့် တုံ့ပြန်မှုများကို ဆွေးနွေးအဖြေရှာခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွက် "စီးပွားရေးအစီအစဉ် ၂၀၂၂ (Business Agenda 2022)" ကို ၂၇/၂၈/၂၉.၁.၂၀၁၉ နေ့များတွင် ဝိုင်းဝန်းရေးဆွဲခဲ့ကြပါသည်။ ၄င်းနောက် ၂၀.၇.၂၀၁၉ ရက်နေ့၊ နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ၊ MRCCI အသင်းရုံးတွင် MRCCI အဖွဲ့ဝင်များမှ ရေးဆွဲတင်ပြထားသော Business Agenda 2022 မိတ်ဆက်ပွဲနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြလွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့, စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) ဥက္ကဌ ဦးတင်ထွတ်ဦး၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ် H.E Nand Singh Bhaisora နှင့် International Labour Organization မှ Project Coordinator - Mr. Paolo Salvai, Country Officer - ဦးငြိမ်းချမ်း တို့မှ ကြွရောက်ချီးမြှင့်ပေးခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် MRCCI ဒုဥက္ကဌ ဒေါ်ခင်လေးမြင့်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး "ပြည်ပခရီးသည်များ ပိုမိုဝင်ရောက်လာစေရေးနှင့်၊ အရည်အသွေးနှင့် စွန့်ဦးတီထွင်စိတ်ဓါတ်ကို မြှင့်တင်ပေးခြင်း" ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပေးခဲ့ပါသည်။ ထို့အပြင် MRCCI အထွေထွေအတွင်းရေးမှူး ဦးဥက္ကာကျော်မှ "အုပ်ချုပ်ရေးစနစ်ကို ပိုမိုအင်အားကောင်းစေခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ MRCCI စီးပွားရေးနှင့် သုတေသနလုပ်ငန်းဆိုင်ရာ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဒေါ်အေးအေးမြင့်မှ "မြေပိုင်ဆိုင်မှုကို လွယ်ကူစေခြင်းနှင့် ငှားရမ်းခများ လျော့ကျစေခြင်းနှင့်၊ နည်းပညာကွာဟမှုကို လျော့ချခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ EC ဦးဇော်ဇော်မှ "အသေးစားအလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးမှုကို မြှင့်တင်ခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ CEC ဦးသန့်ဇင်ဦးမှ "ချေးငွေရယူရန် အဟန့်အတားဖြစ်စေမည့် အရာများကို ဖြေရှင်းခြင်းနှင့် သင့်တင့်မျှတသော အကောက်ခွန်" ခေါင်းစဥြ်ဖင့်လည်းကောင်း Business Agenda 2022 တွင် ရေးဆွဲတင်ပြထားသော ခေါင်းစဉ် ၈ ခု နှင့် အကြံပြုချက် ၂၂ ရပ် တို့အား အသီးအသီးတင်ပြဆွေးနွေးခဲ့ကြပါသည်။ Business Agenda 2022 မိတ်ဆက်ပွဲ အခမ်းအနားသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ MRCCI ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ အသင်းသူ၊ အသင်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ တက်ရောက်လေ့လာခဲ့ကြပါသည်။