ndia–Myanmar Forum on Mining and Mineral Cooperation အခမ်းအနားကို 22-7-2023 ရက်နေ့ – နေ့လည် (၁၅:၁၀) နာရီ အချိန် ချမ်းအေးသာစံမြို့နယ် ၊ကဉ္စနမဟီရပ်ကွက် ၇၈ လမ်း ၃၄ လမ်းဒေါင့်ရှိ  ရတနာပုံစူပါစင်တာ စတုတ္တထပ် တွင်တည်ရှိသည့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) ခန်းမ တွင် ကျင်းပ

India–Myanmar Forum on Mining and Mineral Cooperation ပွဲ ကျင်းပ🌐🤝🏻

၂၀၂၆  ခုနှစ် ဇူလိုင် ၂၂ ရက်

India–Myanmar Forum on Mining and Mineral Cooperation အခမ်းအနားကို 22-7-2023 ရက်နေ့ – နေ့လည် (၁၅:၁၀) နာရီ အချိန် ချမ်းအေးသာစံမြို့နယ် ၊ကဉ္စနမဟီရပ်ကွက် ၇၈ လမ်း ၃၄ လမ်းဒေါင့်ရှိ  ရတနာပုံစူပါစင်တာ စတုတ္တထပ် တွင်တည်ရှိသည့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) ခန်းမ တွင် ကျင်းပရာ

🌐အခမ်းအနားတွင် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီး 

ဒေါ်သိင်္ဂီအောင် မှ  မိန့်ခွန်း ပြောကြားခဲ့ရာ သဘာဝသယံဇာတပစ္စည်းများ မြေပေါ်မြေအောက် စမ်းသပ်တူးဖော်လိုလျှင် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ ညွန်ကြားချက်များအားလိုက်နာဆောင်ရွက်၍ တူး‌‌ဖော်ဆောင်ရွက်ရန် ရှင်းလင်း မှာကြားခဲ့ပါသည်။

ထို့နောက် မန္တလေးမြို့ အခြေစိုက် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr ဆန်းဒီးပ်ကောရှယ်မှ ကြိုဆိုနူတ်ခွန်းဆက်စကား ပြောကြားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Shri Abhay Thakur မှ မိန့်ခွန်းပြောကြားခဲ့ပြီး၊မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဥက္ကဌ ဦးတင်လတ်မှ နူတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ 

ထို့နောက် အိန္ဒိယနိင်ငံ သတ္ထုတူးဖော်ရေး ကိုယ်စားလှယ် မှအကြံပြုဆွေးနွေးပြောကြားခဲ့ပါသည်။ 

အဆိုပါအခမ်းအနား သို့ စစ်ကိုင်း SRCCI အတွင်းရေးမှူဦးကျော်တင့် နှင့် အဖွဲ့ဝင် (၁၀)ဦး၊ ရှမ်း‌/မြောက် NSSCCI ဥက္ကဌ ဦးဇော်မြင့်ထွေး နှင့် အဖွဲ့ဝင် (၁၀)ဦး နှင့် MRCCI ညီနောင် အသင်းများ မှ  ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး စုစုပေါင်း စီးပွားရေး လုပ်ငန်းရှင် (၉၀)ဦးတို့ တက်ရောက်ခဲ့ကာ အခမ်းအနားအား (၁၆:၃၀) နာရီ အချိန်တွင် ပြီးဆုံးခဲ့ပါသည်။

ထို့နောက် ဆက်လက်၍ ၂၃-၇-၂၀၂၆ ရက်နေ့ နံနက် (၁၀)နာရီ အချိန်မှ စ၍ Business matching ဆွေးနွေးပွဲကို ဆက်လက်ကျငး်ပခဲ့ရာ စိတ်ပါဝင်စားသူ လုပ်ငန်းရှင်များနှင့် အိန္ဒိယနိင်ငံ သတ္ထုတူးဖော်ရေး ကိုယ်စားလှယ် များ မှ တစ်ဦးချင်းဆွေးနွေးပြီး အစီအစဉ်ကို နေ့လည်ပိုင်းအချိိန်တွင် အောင်မြင်စွာ ဆွေးနွေးပြီး

Scroll to Top