MRCCI ဥက္ကဌကြီး  ၊ အသင်းဝင်များ နှင့် ဂျပန်နိုင်ငံလုပ်ငန်းရှင်များ တွေဆုံဆွေးနွေး

🇯🇵🇲🇲မန္တလေးဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း ရုံးတွင် (၂၉-၅-၂၀၂၆) ရက်နေ့ နေ့လည် (၂း၀၀) အချိန်တွင် MRCCI ဥက္ကဌကြီး  ၊ အသင်းဝင်များ နှင့် ဂျပန်နိုင်ငံလုပ်ငန်းရှင်များ တွေဆုံဆွေးနွေး🎉🎉

 🔹ဂျပန်နိုင်ငံမှ  Mr. Kakefuda Hiroshi နှင့် Mr. Yashinaga Takuya တို့မှ ဆင်းရဲနွမ်းပါးသော ကျောင်းသား/ သူများအား ပညာများသင်ကြားပေးပြီး ဂျပန်နိုင်ငံရှိကျောင်းများ ပို့ဆောင်ပေးရန် ၊ EV မော်တော်ယာဉ်များအား မြန်မာနိုင်ငံအတွင်း တင်ပို့သွင်းရန် ၊ environment ကို ထိခိုက်မှုမဖြစ်ပွားစေသော လောင်စာ Gas  များ တင်သွင်းခြင်း နှင့် Waste to energy Method ဖြင့် အသုံးပြုပြီးသော ကားတာယာ များအား လမ်းများ ၊ တံတားများခင်းရာတွင် ပြန်လည်အသုံးပြုနိုင်သော နည်းလမ်းများ အစရှိသည်တို့ကို တင်ပြခဲ့ပြီး ဥက္ကဌကြီးဘက်မှ ကျောင်းသား/သူများအား သင်တန်းများ ပို့ချပြီးပါက အလုပ်အကိုင်များပါ ရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်ရန် နှင့် EV ဆိုင်ကယ်များ တင်သွင်းခြင်း ထက် မန္တလေးတွင် စက်ရုံတည်ထောင်ခြင်းက ပိုမို အဆင်ပြေနိုင်ကြောင်း တို့ကို ပြန်လည် ဆွေးနွေးခဲ့ပါသည်။

 🔹ထိုဆွေးနွေးပွဲသို့ MRCCI ဘက်မှ ဥက္ကဌကြီး ဦးတင်လတ် ၊ အလုပ်အမှုဆောင်များဖြစ်သော ဦးကျော်ဇေယျ ၊ ဦးဇော်မင်းထွန်း ၊ ကိုနေဝင်းအောင် တို့နှင့် အသင်းဝင်များတို့မှ တက်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံဘက်မှ Mr. Kakefuda Hiroshi , Mr , Yoshinaga Takuya , Mr. Maski Yoshihiro ၊ မနွေးနွေး ၊ မဝေဝေဖြိုးတို့ တက်ရောက်ခဲ့ကြပါသည်။

☎️ Office : +959 4200 89 490

☎️ Viber : +959 770 844 477

®️Member Departments 

☎️ +959 20 510 63

💌mrcci.mdy@gmail.com

📍78 SCorner of 34 Road Yadanarbon Super Centre 4 Floor 

#သတင်းနှင့်ပြန်ကြားရေးကော်မတီ 

#မန္တလေးတိုင်းဒေသကြီးကုန်သ‌ည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း 

#MrCci

Scroll to Top