Loading Events

« All Events

  • This event has passed.

Logo Design and Catchphrase Contest for the 50th Year of ASEAN Japan Friendship and Cooperation 

15/04/2022 - 17/04/2022

Logo Design and Catchphrase Contest for the 50th Year of ASEAN Japan Friendship and
Cooperation သို့ မြန်မာနိုင်ငံမှ ပါဝင်နိုင်ရန်ဖိတ်ကြားခြင်း
၂၀၂၃ ခုနှစ်တွင်ကျရောက်မည့် အာဆီယံ-ဂျပန် မိတ်ဖက်ဆက်ဆံရေး နှစ် (၅၀) ပြည့်
အထိမ်းအမှတ်အဖြစ် အာဆီယံအဖွဲ့ဝင်နိုင်ငံအစိုးရများနှင့် ဂျပန်နိုင်ငံတို့မှ
အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ-ဂျပန် စင်တာတို့နှင့်ပူးပေါင်း၍ ကျင်းပပြုလုပ်မည့် “Logo
Design and Catchphrase Contest for the 50th Year of ASEAN Japan Friendship and
Cooperation” သို့ မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်နိုင်ပါရန် ပေးပို့ဖိတ်ကြား လာပါသည်။
အဆိုပါပြိုင်ပွဲသို့ အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ စိတ်ပါဝင်စားသူ
မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်ပါကြောင်း၊ အာဆီယံ-ဂျပန်ဆက်ဆံရေး နှစ် (၅၀) ပြည့်
အထိမ်းအမှတ်အဖြစ် အခမ်းအနားပွဲများနှင့် Exchange Programs များကိုလည်း
ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အခမ်းအနားများကို အာဆီယံနှင့် ဂျပန်နိုင်ငံမှ
အများပြည်သူများပါဝင်တက်ရောက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့်
အသေးစိတ်အချက်အလက်များကို Guideline : https://www.asean.or.jp/en/wp-
content/uploads/sites/3/APP-GUIDELINE-FOR-AJ50-LOGO-DESIGN-AND-CATCHPHRASE-
CONTEST.pdf နှင့် Website: https://www.asean.or.jp/en/ajc-
info/20220401/?fbclid=IwAR11l9zIj_mF1ry07dzElY9IQ00tK1FLm-GMo9Pm-6NC-
xGeyWmIV09NsfU တွင် လေ့လာကြည့်ရှုနိုင်ပါကြောင်း၊ ပြိုင်ပွဲဝင်လျှောက်လွှာများကို Online မှ
တစ်ဆင့် တင်သွင်းရမည် ဖြစ်ပြီး လျှောက်လွှာပိတ်ရက်မှာ (၁၅.၅.၂၀၂၂) ရက်နေ့ဖြစ်ကြောင်း
စသည်ဖြင့် ဖော်ပြပါရှိပါသည်။
သို့ဖြစ်ပါ၍ အဆိုပါပြိုင်ပွဲသို့ စိတ်ပါဝင်စား၍ ပါဝင်ယှဉ်ပြိုင်လိုသည့် အသင်းသူအသင်းသားများနှင့်
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပူးတွဲ Guideline ပါ အချက်အလက်များကို လေ့လာ၍ Kazuhiko
Amagai (Mr.), Project Officer, ASEAN-Japan Centre, Ph: +81-80-4948-5615,
Email: kamagai@asean.or.jp, Nguyen Tuan Anh, Email: anhnguyen@asean.or.jp, Sonoya
Emiko, Email: esonoya@asean.or.jp, Miyauchi Tomoko, Email: tmiyauchi@asean.or.jp တို့ သို့
တိုက်ရိုက်ချိတ်ဆက်၍ ဆောင်ရွက်နိုင်ပါကြောင်းနှင့် ပါဝင်တက်ရောက်မည်ဆိုပါက အမည်၊ ရာထူး၊

ကုမ္ပဏီ/လုပ်ငန်း/အသင်းအဖွဲ့ အမည်၊ ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် E-mail ‌address တို့အား MRCCI
အသင်းရုံးအီးမေးလ် (mrcci.mdy@gmail.com) သို့ ပေးပို့ပေးနိုင်ပါရန် အသိပေး အကြောင်းကြား
ဖိတ်ကြားအပ်ပါသည်။

Details

  • Start: 15/04/2022
  • End: 17/04/2022